ပေါက်မြိုနယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များနှင့် အဖျက်အမှောင့် လုပ်ဆောင်နေသော လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့

ဇွန် ၁၁

       ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြိုနယ်၊ ကျောက်ထုကျေးရွာအနီးတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များနှင့် အဖျက်အမှောင့် လုပ်ဆောင်နေသော လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF များ အထိအခိုက်များစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

       အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ PDF များထံမှ အမ်-၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၀၀ တောင့်၊ လက်လုပ်သေနတ် ၁ လက်၊ ပြောက်ကျား ယူနီဖောင်း ၁ စုံတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN