ငါန်းဇွန်မြို့နယ်ရှိ နယ်မြေရဲစခန်းတစ်ခုကို လူသတ်အကြမ်းဖက် PDF အဖွဲ့(စီစစ်ဆဲ)က Drop ဖြင့် Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်

ဇွန် ၁၀

      ယနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊မြို့သာကျေးရွာ အုပ်စု၊မြို့သာ(အရှေ့) ကျေးရွာရှိ နယ်မြေခံရဲစခန်းကို လူသတ်အကြမ်းဖက် PDF အဖွဲ့(စီစစ်ဆဲ)က Drop ဖြင့် Drop Bomb ၂ လုံးပစ်ချ တိုက်ခိုက်ခဲ့ပါသည်။

      ထို Drop Bomb ၂ လုံးမှာ နယ်မြေရဲစခန်း ခြံစည်းရိုးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊
ထို Drop Bomb ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦများ ထိခိုက်၊ပျက်စီးမှုမရှိကြောင်းသတင်းရရှိပါသည်။

#PAN