ချမ်းအေးသာစံမြို့နယ်ရှိ မြန်မာ့အာမခံလုပ်ငန်းရုံးကိုလူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေး

ဇွန် ၁၀

      ယနေ့ မွန်းလွဲ ၃ နာရီ ၄၅ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊၆၃လမ်း၊၃၃×၃၄လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး၊မြန်မာ့အာမခံလုပ်ငန်းရုံးကို ၆၃လမ်းအတိုင်း မြောက်မှတောင်သို့ လူသတ်အကြမ်းဖက်သောင်းကျန်း သူ PDF အမျိုးသား ၂ ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ပါသည်။

      လက်လုပ်ဗုံးမှာ မြန်မာ့အာမခံလုပ်ငန်းရုံးဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရုံးဝင်းအတွင်းရပ်ထားသည့် ယာဥ်အမှတ် NPW-3၊4P/1932၊HIACE၊14 Seater (ဌာနပိုင်)ယာဥ်တွင် နောက်မှန်ကွဲအက်၊တန်ဘိုး ၃သိန်း ကျပ်ခန့်ပျက်စီးဆုံးရှုံး၊ရုံးအဆောက်အဦးမှ ၁ပေ ပတ်လည် တံခါးမှန် ၄ချပ်ကွဲအက်၊တန်ဘိုး ၂၀၀၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သတင်းရရှိပါသည်။

#PAN