တာချီလိတ် Happy Night KTV တွင် ကျပ်သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိ Happy Water မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိ

ဇွန်  ၉

    ဇွန်လ ၇ ရက်နေ့က  ညပိုင်းအချိန်တွင် တာချီလိတ်တပ်နယ်နှင့် တာချီလိတ်မူးယစ်အထူးတပ်ဖွဲ့  အပါအဝင် ပူးပေါင်းအဖွဲ့များဖြင့် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်းရှိ မြို့ပတ်လမ်းတွင်ဖွင့်လှစ်ထားသည့် Happy Night KTV အဆောက်အဦ၏ ၃ လွှာရှိ အခန်းတစ်ခန်းအတွင်းသတင်းအရ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ အိုက်ဝမ်းနှင့် စိုင်းလှိုင်ဦး(ခ)ထွန်းဦးတို့ ၂ ဦးနှင့်အတူ စိတ်ကိုပြောင်းလဲစေသော ယစ်ဆေးဝါးသစ်ဖြစ်သည့် Happy Water ပန်းနုရောင်အမှုန့် စုစု ပေါင်း အလေးချိန် ၄၂၀ ဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့ပါသည်။

      ဖမ်းဆီးခံရသူများကို ဆက်လက် စစ်ဆေးရာ ၎င်းတို့၏ထွက်ဆိုချက်အရ ဖမ်းဆီးမှုများဆက် လက်လုပ်ဆောင်ရာ  KTV ဆိုင်ရှေ့တွင် စိုင်းဆိုင်တစ်(ခ)စိုင်းဆိုင်ခေး ဆိုသူအား လိမ္မော်ရောင်အမုန့် HappyWater စုစုပေါင်း အလေးချိန် ၉၈၀ ဂရမ် နှင့်အတူ ထပ်မံ ဖမ်းမိခဲ့ပါသည်။

     ယခုဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးမူးယစ် ဆေးဝါးသစ်ဖြစ်သည့် Happy Water
စုစုပေါင်း အလေးချိန် မှာ (၁၄၀၀)ဂရမ်ဖြစ်ပြီး ၎င်း၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၅၄၀ ရှိကြောင်း၊ Happy Water များနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ဝမ်း နှင့်တာချီလိတ်မြို့မရဲစခန်းတွင်စိုင်းလှိုင်ဦး (ခ)ထွန်းဦး တို့ ၂ ဦးကို မယ(ပ) ၂၆/၂၀၂၃၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ အရ ဖြင့်လည်း​ကောင်း၊ စိုင်းဆိုင်တစ်(ခ) စိုင်းဆိုင်ခေးကိုတာချီလိတ်မြို့မရဲစခန်း တွင် မယ(ပ)၂၇/၂၀၂၃ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ထားကြောင်း သတင်းရရှိပါ သည်။

     ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်မြို့တွင် ယခုအချိန်တွင် လူငယ်များကြားရေပန်းစားနေပြီးသုံးစွဲမှုများပြားလာသည့်  Happy Water  သည်  အလွန်အကျွံသုံးစွဲမိပါက ​ရှော့ရကာ  သေဆုံးသွားသည့်လူငယ်များလည်း မကြာခဏဆိုသကဲ့သို့ ကြားနေရကြောင်း တာချီလိတ်မြို့နေ ဒေသခံများ၏ ပြောဆိုမှုများရှိနေကြောင်းသိရှိရပါသည်။

#PAN