အောင်လံမြို့နယ်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကျေးစည်းရုံးရေးမှူးဖြစ်သူကို လူသတ် အကြမ်းဖက်သောင်း ကျန်းသူ PDF များ သေနတ်ဖြင့် ပစ်ခတ်ခဲ့

ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ၊စစ်အောင်ကျေးရွာအုပ်စု၊ဥယျာဉ်ကျေးရွာနေ အုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသောင်းစိုးဦး သည် ယနေ့ ည ၈ နာရီ ၂၀ မီးနစ်အချိန်တွင် မိုးကောင်းကျေးရွာမှ ဥယျာဉ်ကျေးရွာသို့အပြန် ၎င်း၏ဆိုင်ကယ်နောက်မှ ဆိုင်ကယ်ဖြင့် အမည်မသိ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF ၂ ဦးလိုက်လာပြီး သေနတ်ဖြင့်၂ ချက်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ပါသည်။

   ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသောင်းစိုးဦး၏ ညာဘက်လက်မောင်းတွင် သေနတ်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး လူနာကို အောင်လံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု့လျှက်ရှိကြောင်း၊ ဦးသောင်းစိုးဦး သည် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကျေးစည်းရုံးရေးမှူးဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN