သထုံမြို့နယ်၊စက်မှုနယ်မြေရှိ ကော့စတစ်ဆိုဒါစက်ရုံအတွင်းသို့ လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက ဝင်ရောက်၍ စက်ရုံဒုတာဝန်ခံကို ဖမ်းဆီးရန် ရှာဖွေခဲ့

ဇွန် ၈

ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မီးနစ်ချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ အုပ်စု၊ ဆူးအင်းကျေးရွာ၊ စက်မှုနယ်မြေရှိ ကော့စတစ်ဆိုဒါစက်ရုံအတွင်းသို့ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF ခေါင်းဆောင်/အင်းအား စိစစ်တို့ ရောက်ရှိလာပြီး စက်ရုံဒုတာဝန်ခံ ဦးကျော်မြင့်စိုး ကို လိုက်လံရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် ၎င်းအသုံးပြုနေသော CRV အဖြူရောင် ယာဥ်အမှတ် 7G / 2195 ကို ယူဆောင်သွားကြောင်း သိရှိရပါသည်။

       စက်ရုံဒုတာဝန်ခံ ဦးကျော်မြင့်စိုး သည် ၎င်းကို အကြမ်းဖက်သောင်းကျန်းသူ PDF များက ဖမ်းဆီးရန်လာရောက်သည်ကို ကြိုတင်သိရှိပြီး စက်ရုံ၏ အနောက်ဘက်တောထဲသို့ ထွက်ပြေးနေရကြောင်း စက်မှုဝန်ကြီးဌာန၊ အမှတ် (၂၁)အကြီးစက်ရုံရှိ တာယာစက်ရုံ လက်ထောက်စက်ရုံမှူး ဦးလှမိုးထံသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားလာခဲ့ကြောင်း၊ ယခုအခါ နယ်မြေခံတပ်နယ်မှလိုက်လံရှင်းလင်းလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN