“တရုတ် နှင့် ကျူးဘား တို့၏လျှို့ဝှက် သဘောတူညီချက်”

ဇွန် ၈

တရုတ်နိုင်ငံ နှင့် ကျူးဘားနိုင်ငံတို့သည် ပထဝီဝင်နိုင်ငံရေးအရ အမေရိကန်နိုင်ငံအတွက် စိန်ခေါ်မှုအသစ်ဖြစ်သည့် ကျူးဘား ကျွန်းပေါ်တွင် အီလက်ထရွန်နစ်နည်းပညာသုံး ထောက်လှမ်းရေး အဆောက် အအုံတစ်ခု တည်ထောင်နိုင်ရန် တရုတ်နိုင်ငံ နှင့် ကျူးဘား နိုင်ငံတို့ လျှို့ဝှက်စွာ သဘောတူညီချက်တစ်ရပ်ကို ရရှိထား ပြီးဖြစ်တယ်လို့ Wall Street Journal က ယနေ့ ဇွန်လ ၈ရက် ကြာသာပတေးနေ့တွင် ဖော်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။

Beijing (တရုတ်) နိုင်ငံကအမေရိကန် အရှေ့တောင်ပိုင်းအတွင်းရှိ အမေရိကန် စစ်သင်္ဘောများ နှင့် အီလက်ထရွန်နစ် ဆက်သွယ် ရေးဆိုင်ရာ လမ်းကြောင်းများကို အနီးကပ်စောင့် ကြည့်နိုင်စေနိုင်မည့် လျှို့ဝှက် အခြေစိုက် စခန်း တစ်ခုကို ကျူးဘားနိုင်ငံတွင် တည်ဆောက် ပေးသွားမှာလည်းဖြစ်ပါတယ်။

“အမေရိကန် ဖလော်ရီဒါကနေ မိုင် ၁၀၀ လောက်ဝေးတဲ့ ကျူးဘားနိုင်ငံ မှာ ထောက်လှမ်းရေး စက်ရုံ သို့မဟုတ် အဆောက်အအုံ တစ်ခုတည် ဆောက်ပြီး တရုတ်ထောက်လှမ်းရေးတွေက စစ်အခြေစိုက်စခန်းတွေ အများကြီးရှိတဲ့ အမေရိကန် အရှေ့တောင်ပိုင်းတစ်ခွင်ရှိ ဒေသများတွင် အီလက်ထရွန်းနစ် ဆက်သွယ်ထောက်လှမ်းမှုတွေကို ဖြန့်ကျက်ပြီး အမေရိကန် စစ်သင်္ဘော အသွားအလာ များကို အနီးကပ် စောင့်ကြည့်နိုင် စေရန် ဖြစ်တယ်”လို့ အဆိုပါ သတင်းဌာနက ပြောဆိုထား ပါသေးတယ်။