ဧရာဝတီတိုင်းဒေသကြီးအတွင်း ငလျင်ငယ်များ လှုပ်ရှားသွားရာ စေတီတော်တစ်ဆူ၏ထီးတော်တိမ်းစောင်၊ သီလရှင်တစ်ဦးနှင့် အမျိုးသမီကြီတစ်ဦးတို့ သေဆုံးခဲ့

ဇွန် ၇

        ယနေ့ ညနေ ၄ နာရီ ၂၃ မီးနစ်အချိန်ကဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေရွာငယ်အရှေ့ကို ဗဟိုပြုပြီး မြေအောက်အနက် ၆ မိုင်ကျော်တွင် မဂ္ဂနီကျု့ ၄.၈ အဆင့်ငလျင်ငယ် လှုပ်ရှားသွားပါသည်။

       ၎င်းနောက် ညနေ ၅ နာရီ ၂ မီးနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့မြောက်ဘက်ပိုင်း၊ ရန်ကုန်မြို့အနောက်ဘက် ၅၇ မိုင်ခန့်အကွာမြေအောက်အနက် ၆ မိုင်ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၄.၅ အဆင့်ငလျင်ငယ် ဒုတိယအကြိမ် ထပ်မံလှုပ်ရှားသွားပါသည်။

     အဆိုပါငလျင်ငယ် ၂ ကြိမ်လှုပ်ရှားမှုကြောင့် ရန်ကုန်မြို့အနောက်ပိုင်းဒေသများ သိသိစာသာ လှုပ်ရှားမှုများခံစားရကြောင်း သိရှိရပါသည်။

         မအူပင်မြို့တွင် ပထမအကြိမ် ငလျှင်လှုပ်ခတ်မှုဖြစ်ပွားမှုကြောင့် ရွှေဘုန်းမြင်စေတီတော်မြတ်၏ထီးတော်မှရိုင်နဲ့ တိမ်းစောင်းသွားကြောင်း ၊ ဘုရားအနီးမိုးကုတ်ဝိပဿနာစခန်းမှာ ရိပ်သာအဆောက်အဦ ပြိုကျရာမှ သီလရှင်တစ်ဦးနှင့် အမျိုးသမီကြီတစ်ဦးတို့ အုပ်ကျိုးများပိ၍ နေရာတွင်သေဆုံးခဲ့ကြောင်း၊ သီလရှင်တစ်ပါးမှာ ဦးခေါင်းကွဲမစိုးရိမ်ရဒါဏ်ရာရရှိခဲ့ကြောင်း၊
ဓမ္မာရရုံရွှေကျင်ကျောင်း၏ အရှေ့ဘက်မုဒ်ဦးပြိုကျခဲ့ကြောင်းနှင့် မအူပင်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ အက်ကြောင်များပေါ်ပြီး ပြိုကျပျက်စီးမှုများရှိကြောင်း သတင်းရရှိပါသည်။

#PAN