“ဂျပန်နှင့် တောင်ကိုရီးယားတို့ နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ဆွေးနွေးပွဲ များကို အရှိန်မြှင့်ရန် သဘောတူညီခဲ့ကြ”

ဇွန် ၆

စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် Shangri-La Dialogue fourm တွင် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး Yasukazu Hamada က ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ တို့အကြား ယခင်က မဖြေရှင်းရသေးသော နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို အရှိန်မြှင့်တင်နိုင်ရန် သဘောတူညီခဲ့ကြပြီဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လ ၄ရက်နေ့က ပြောကြားခဲ့တာဖြစ်တယ်။

ဂျပန် – တောင်ကိုရီးယားနှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ နယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်လိုသော နိုင်ငံများ၏ ဆန္ဒများကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းလည်း ဖြစ်တယ်လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

နှစ်နိုင်ငံ၏ ကာကွယ်ရေးမူဝါဒတွင် အမေရိကန် နိုင်ငံက အဓိကအခန်းကဏ္ဍမှ ပါဝင်နေတာဖြစ်သော ကြောင့် အဆိုပါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကြီး သည် ဒေသတွင်းတွင် အမေရိကန်နိုင်ငံ ၏သြဇာကို ပိုမိုအားကောင်းလာစေမှာ ဖြစ်တယ်လို့ သတင်းဌာနများက ဖော်ပြပြောဆိုနေကြတာလည်းဖြစ်ပါတယ်။