မြိုင်မြို့နယ်၊ ညောင်တွင်းကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းက PDF အကြမ်းဖက်ယာယီစခန်းကို တိုက်ခိုက်သိမ်းဆည်း

ဇွန်  ၅

       ယမန်နေ့ နံနက် ၅ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ညောင်တွင်းကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဥ်  PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီစခန်းကို တိုက်ခိုက်သိမ်းဆည်းခဲ့ကြောင်း သိရှိပါသည်။

    အဆိုပါ တိုက်ပွဲတွင် တပ်မတော်စစ်ကြောင်းက  PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်လုပ်သေနတ် ၅ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၂၀ လုံး၊ Drop Bomb ၁၃ လုံး၊ ကျည်ဆံများ၊ တွင်ခုံ ၁ ခု၊သံဖြတ်စက် ၁ ခု၊ ကျောက်ဖြတ်စက် ၁ ခု၊ ဝရိန်စက် ၁ ခု၊ အင်ဗာတာ ၂ ခု၊ မီးစက် ၁ လုံး၊ လူနေတဲ ၃ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

    အတည်မပြုရသေးသော သတင်းအရ PDF အကြမ်းဖက်များ အများအပြားထိခိုက်ဒဏ်ရာရ၊သေဆုံးများရှိသည့်အပြင် အရှင်ဖမ်းမိသူများလည်းရှိကြောင်း သတင်းရရှိပါသည်။

#PAN