ပြည်ကြီးတံခွန်မြို့နယ်တွင် လျှပ်စစ်ဒယ်အိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့

ဇွန်  ၅

        ယနေ့ နံနက် ၉ နာရီ ၁၂ မီးနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ငွေတော်ကြည်ကုန်းရပ်ကွက်၊၁၂၀လမ်း၊၆၇-အေနှင့်၆၇-ဘီလမ်းကြား၊အကွက်အမှတ် အ-၂၂/၆၁+ ၈၀တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြိမ်းသတ်မှုကြောင့် နံနက် ၉ နာရီ ၂၂ မီးနစ်အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး ၉ နာရီ ၂၄ မီးနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

      မီးလောင်မှုဖြစ်ပွားရခြင်းမှာ ကျော်သူ၊၂၆နှစ်၊(ဘ)ဦးစံပေါ၏ နေအိမ်တွင် လျှပ်စစ်ဒယ်အိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ၁၅×၁၀ပေ၊မြေစိုက်၊ထရံကာ၊သွပ်မိုး နေအိမ် ၃လုံး၊၄၀×၁၀ပေ၊မြေစိုက်၊ထရံကာ၊သွပ်မိုး နေအိမ် ၁လုံး၊၄၀×၂၀ပေ၊မြေစိုက်၊ထရံကာ၊သွပ်မိုး နေအိမ် ၁လုံး၊စုစုပေါင်း နေအိမ် ၅လုံး မီးလောင်ဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဘိုးမှာ သိန်း ၃၀ကျပ် ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN