ကျောက်တံတားမြို့နယ်ရှိ အခွန်ဦးစီးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား၊ ဝန်းထမ်းများနှင့် အပြစ်မဲ့သာမန်ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

ဇွန်  ၅

        ယနေ့ မွန်းလွဲ ၁၂၀၅ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၄)ရပ်ကွက်၊ပန်းဆိုးတန်းလမ်း၊အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃)လွှာရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ဌာန၊ အများ ပြည်သူ သံထိုင်ခုံများဘေးမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။

      ထိုသို့ ပေါက်ကွဲမှုကြောင့် ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနမှ ဝန်ထမ်းများဖြစ်သည့် မဖြိုးဖြိုးအောင်(ဒုဦးစီးမှူး)၊ ၃၀ နှစ်၊(ဘ)ဦးတင်ဝင်း၊ မမြတ်မှူးခင်၊ ၃၀ နှစ်၊(ဘ)ဦးအောင်စိုးမြင့်၊ ဒေါ်ခင်လတ်၊ ၆၁ နှစ်(ဘ)ဦးဘသိန်း၊ မအဥ္စန၊ ၃၀ နှစ်၊(ဘ)ဦးအောင်မျိုး၊ ကုမ္ပဏီများဆိုင်ရာအခွန်ဌာနသို့ လာရောက်သည့် မဆုနှင်းဦး၊ ၂၀ နှစ်၊(ဘ)ဦးဖြိုးနိုင်ဦးနှင့် မချယ်ရီ၊ ၃၀ နှစ်၊(ဘ)ဦးကြာ(မဒီ ကားအငှားဝန်ဆောင်မှု ကုမ္ပဏီဝန်ထမ်း)တို့ ၆ ဦးတို့  မစိုးရိမ်ရ အစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ဒဏ်ရာရရှိသူ မဖြိုးဖြိုးအောင်ပါ ၆ ဦးတို့ကို  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့  ပို့ဆောင်ကုသပေးလျက်ရှိကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအား နယ်မြေခံလုံခြုံရေးအဖွဲ့က လာရောက်ရှိရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

   တိုင်းဖျက်ပြည်ဆူပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ယခုလို နိုင်ငံတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် အပြစ်မဲ့သာမန်ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN