ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်၊မြို့မရဲစခန်းကို PDF အမည်ခံ လူသတ် အကြမ်းဖက်သောင်း ကျန်းသူများက လက်လုပ်ဗုံးနှင့် လက်နက်ငယ်တို့ဖြင့်ပစ်ခတ်

ဇွန် ၂

     ယမန်နေ့ ည ၈ နာရီ ၄၅ မီးနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း) မြို့နယ်၊(၉၁)ရပ်ကွက်၊ပဲခူးမြစ်လမ်းရှိ မြို့မရဲစခန်းကို ကုလားဝဲတံတားဘက်မှ ပဲခူးမြစ်လမ်းအတိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက်သို့ မောင်းနှင်လာသည့် Probox အဖြူရောင် ယာဉ်အမှတ် (စိစစ်ဆဲ)ပေါ်မှ PDF အမည်ခံ လူသတ် အကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ မြို့မရဲစခန်းရှေ့ ပဲခူးမြစ်လမ်းဘေး အုန်းနှဲပင် ခြေရင်းတွင် ၁ ကြိမ်၊ ၎င်းနေရာနှင့် ကိုက် ၅၀ ခန့်အကွာ လမ်းဘေးတွင် ၁ ကြိမ်၊ စုစုပေါင်း၂ ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လက်နက်ငယ်(စိစစ်ဆဲ)ဖြင့် (၅/၆)ချက်ခန့် မြို့မရဲစခန်း အဆောက် အဦဘက်သို့ ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ လက်လုပ်ဗုံးနှင့် လက်နက်ငယ်တို့ဖြင့်ပစ်ခတ်ပေါက်ကွဲမှုကြောင့် မြို့မရဲစခန်းတပ်ဖွဲ့ဝင်/ပစ္စည်း ထိခိုက်မှု မရှိကြောင်း၊ မြို့မရဲစခန်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ် အောင်မြင့် နှင့် ရဲတပ်သား သိန်းလင်းအောင် တို့မှ BA-63 သေနတ်ဖြင့် ၁၀ ချက် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ Probox ယာဉ်မှာ ပဲခူးမြစ်လမ်းအတိုင်း ဆက်လက်မောင်းနှင်ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN