ကျိုက်ထိုမြို့ဂေါက်ကွင်းအနီး ကျူးကျော်ရပ် ကွက်တွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက အဝေးထိန်းစနစ်ဖြင့် ဗုံးဖောက်ခွဲ အပြစ်မဲ့သာမန်ပြည်သူ နှစ်ဦး ဒဏ်ရာရ

ဇွန် ၃

    မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့ဂေါက်ကွင်းအနီး၊ဇေယျာမွန်ရပ်ကွက်၊ တိုးချဲ့အပိုင်းတွင် ယနေ့ မွန်းလွဲ ၃ နာရီ ၂၇ မီးနစ်အချိန်ခန့်က လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက အဝေးထိန်းစနစ်ဖြင့် ဗုံးဖောက်ခွဲခဲ့ရာ အပြစ်မဲ့သာမန်ပြည်သူများဖြစ်ကြသည့် မဝေဝေလွင်၊ ၃၂ နှစ်၊ (ဘ)ဦးအောင်နိုင်၊ မပတ(မရှိ)၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်ကိုင်သူနှင့် မငယ်ငယ်၊ ၂၀ နှစ်၊ (ဘ)ဦးအောင်သန်းဦး၊ မပတ(မရှိ)၊ ဗမာ/ဗုဒ္ဓ၊  မှီခိုတို့ ထိခိုက်ဒဏ်ရာ( မစိုးရိမ်ရ)  ရရှိခဲ့ပါသည်။

      မဝေဝေလွင် သည် နေအိမ်၌ အဝတ်လျှော်နေစဉ် မိုင်ပေါက်ကွဲမှုကြောင့် ဝဲဘက်နှုတ်ခမ်းဘေး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် နှုတ်ခမ်းအတွင်းမိုင်းစ ထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ဒဏ်ရာနှင့် မငယ်ငယ် သည် မီးဖိုချောင်အတွင်း ထမင်းချက်နေစဉ်  မိုင်းပေါက်ကွဲမှုကြောင့် ယာဘက်လက်ပြင် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကျိုက်ထိုလူမှုကူညီရေး အသင်းမှယာဉ်ဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

   လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက ဂေါက်ကွင်းအတွင်း ဂေါက်သီးရိုက်ကစားကြသည့် မြို့နယ်မှ တပ်ဖက်၊နယ်ဖက်အရာရှိများ ကို မိုင်းခွဲတိုက်ခိုက်ရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ဂေါက်ကွင်းအတွင်း ဖောက်ခွဲရန် အခြေအနေမပေးသဖြင့် ခြောက်လှန်သည့်သဘောဖြင့် ဖောက်ခွဲ့ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ယခုဖောက်ခွဲခဲ့သည့်နေရာသည် ဂေါက်ကွင်းအနီးရှိ ကျူးကျော်ရပ် ကွက်ဖြစ်ပြီး သာမန်ပြည်သူများသာနေထိုင်ကြကြောင်း မြို့ခံ ပြည်သူတစ်ဦးထံမှ သတင်းရရှိပါသည်။

#PAN