“မိုခါ”ဆိုင်ကလုန်းမုန်တိုင်း ဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် The Buddhist Association of Yunnan Province မှ  အလှူငွေ ပေးအပ်လှူဒါန်း

ဇွန် ၂

      “မိုခါ”ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းတိုက် ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်း ဘေးသင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေး ရည်ရွယ်၍ The Buddhist Association of Yunnan Province မှ တရုတ်ယွမ်ငွေ စုစုပေါင်း ၆.၁ သိန်း (မြန်မာကျပ်ငွေ သိန်း ၂၄၀၀ ကျော်) ကို ကူမင်းမြို့ ၊ Yuan Tong ဘုရားကျောင်း၌ ၁-၆-၂၀၂၃ ရက်တွင် အခမ်းအနားဖြင့် ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် မှ အလှူငွေများ လက်ခံရယူခဲ့ပါသည်။

        ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ် မှ “မိုခါ”မုန်တိုင်းကြောင့် ပြည်သူများ၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ယခုကဲ့သို့ လူသားချင်း စာနာထောက်ထားစွာဖြင့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရသည့် ပြည်သူများ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပံ့ပိုးပေးမှုအတွက် မြန်မာနိုင်ငံ အစိုးရကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပြီး  အလှူငွေများကို မြန်မာနိုင်ငံသို့  ဆက်လက် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ကျေးဇူးတင်လွှာ ပေးအပ်ခဲ့ကြောင်း  သိရှိရပါသည်။

#PAN