“Atlantic ဒေသများကိုဖြတ်ကျော်ပြီး အိန္ဒိယ ၊ ကင်ညာ နှင့် အခြား အာဖရိက ၃နိုင်ငံ တို့ကို ဆက်သွယ်ပေးမည့် မီးရထားလမ်း”

ဇွန် ၁

အာဖရိကနိုင်ငံများကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ နှင့် အတ္တလန္တိတ်ဒေသများ ကို ဆက်သွယ်ပေးမည့် မီးရထားလမ်း စီမံကိန်း တစ်ခုအတွက် ကင်ညာနိုင်ငံ နှင့် အခြား အာဖရိက နိုင်ငံ ၃ နိုင်ငံတို့ အတူတကွ လုပ်ဆောင်နေကြ ပြီဖြစ်ကြောင်း ကင်ညာနိုင်ငံ၏ သမ္မတ William Ruto မကြာသေးမီအချိန်က ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

“လောလောဆယ်မှာတော့ ကွန်ဂိုနိုင်ငံ အပါအဝင် ကင်ညာနိုင်ငံ၊ ယူဂန်ဒါနိုင်ငံ ၊ DRC နိုင်ငံ တို့ဟာ အိန္ဒိယသမုဒ္ဒရာဒေသတွေက်ို အတ္တလန္တိတ်နဲ့ ဘယ်လို ချိတ် ဆက်လို့ရနိုင်မလဲဆိုတာ ဆွေးနွေးနေ ကြပါတယ်။ ရထားလမ်းရဲ့အရှည်က ကီလိုမီတာ ၁၀၀၀ လောက်ပဲ ရှိမယ်ထင်တယ် “လို့ Ruto၏ ပြောဆိုချက်များကို ကိုးကားပြီး ပြည်တွင်း မီဒီယာများ က ဖော်ပြ ပြောဆ်ိုခဲ့ကြပါတယ်။