“လယ်ကွင်းထဲ ပျက်ကျခဲ့သည့် အိန္ဒိယလေတပ် ဂျက်လေယာဥ်”

ဇွန် ၁

အိန္ဒိယလေတပ်ပိုင် အလယ်အလတ် ဂျက်လေယာဉ် အမျိုးအစား လေ့ကျင့်ရေးလေယာဉ် HAL HJT-16 Kiran သည်အိန္ဒိယနိုင်ငံ၏ Karnataka ပြည်နယ် အတွင်းရှိ Chamrajnagar ရွာအနီး လယ်ကွင်းထဲသို့ ယနေ့ ဇွန်လ ၁ရက်နေ့တွင် ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

Indian Air Force(IAF) ၏ တရားဝင် ဖော်ပြချက်အရ လေယာဉ်ပေါ် ပါရှိသော လေယာဉ်မှူး ၂ဦးသည် အရေးပေါ် လေထီးများအသုံးပြု၍ အဆိုပါ လေယာဥ်ပေါ်မှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ ကြတာဖြစ်ပြီး ဘေးကင်းစွာ မြေပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့​ကြ​ပါတယ်လို့ ဖော်ပြပြော ဆိုထား ပါတယ်။