ဖားကန့်မြို့နယ်အတွင်း ဆက်ကြေးလာကောက် သော အကြမ်းဖက်သောင်းကျန်းသူ KIA အဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

ဇွန် ၁

     ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာရွာအနီးမှာ ဆက်ကြေးလာကောက်တဲ့ အကြမ်းဖက်သောင်းကျန်းသူ KIA အဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းတို့ ယနေ့ နံနက် ၇ နာရီအချိန်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

    ၎င်း တိုက်ပွဲတွင် အကြမ်းဖက်သောင်းကျန်းသူ KIA ၃ ယောက် သေဆုံးပြီး ၎င်းတို့ထံမှ Type – 81 သေနတ် ၃ လက်၊ RPG လောင်ချာ ၁ လက်၊ ခဲယမ်း/ကျည်ဆံများ သိမ်းဆည်းရမိပြီး မိမိဘက်က စစ်သည် ၁ ယောက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

#PAN