“ဆန္ဒပြတင်းမာမှုများဖြစ်ပေါ်နေသော kosovo အရေးအတွက် Serbiaနိုင်ငံသို့ အလည်အပတ် ခရီးစဥ်အဖြစ်လာရောက်မည့် အိန္ဒိယနိုင်ငံ သမ္မတ”

မေလ ၃၁

အိန္ဒိယနိုင်ငံ၏ သမ္မတ Droupadi Murmu သည် Serbia နိုင်ငံ၏ မြို့တော် Belgradeမြို့ နှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှုများနှင့် နှစ်နိုင်ငံလူမျိုးများအကြား ဆက်ဆံရေးခိုင်မာစေရန်အတွက် လာမည့်ဇွန်လ ၇ ရက်မှ ၉ ရက်နေ့အထိ ဆားဘီးယားနိုင်ငံသို့ သွားရောက် လည်ပတ် သွားမှာဖြစ်ပါတယ်။

ဆာ့ဘ်လူမျိုး အများစုနေထိုင်ရာ Kosovo အတွင်းရှိမြို့တော် ၄ခုတွင် နေတိုး တပ်ဖွဲ့ ဝင်များနှင့် ဆာ့ဘ်လူမျိုးများအကြား ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြပြီး ဒါဇင်နှင့်ချီ သောလူများ ဒဏ်ရာရရှိခဲ့ ကြတာလည်းဖြစ်ပါတယ်။

Serbiaနိုင်ငံသည် ယခင်က Yugosalavia နိုင်ငံကြီး၏ပြည်နယ်ကြီးတစ်ခုဖြစ်ခဲ့ပြီး အိန္ဒိယ နိုင်ငံနှင့် အလွန်နီးကပ်သော သံတမန် ဆက်ဆံရေး ရှိခဲ့ကြတာလည်းဖြစ်ပါတယ်လို့ သတင်းဌာများမှဖော်ပြပြောဆိုနေကြတာလည်းဖြစ်ပါတယ်။