အကျဥ်းသားများကိုလက်ခံယူရန် သွားရောက်သည့် လုံခြုံရေးရဲတပ်ဖွဲ့စီးနင်းလာသည့်ကားကို အကြမ်းဖက်သောင်း ကျန်းသူKNLAနှင့် PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်

မေ ၃၀

   ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ထားသော တရားခံများကို ရေးမြို့လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ရေးမြို့မှ ကျိုက်မရောမြို့အကျဥ်းထောင်သို့ ပို့ဆောင်ရန် ထွက်ခွာခဲ့ပြီး အဆိုပါအကျဥ်းသားများကို ကျိုက်မရောမြို့အကျဥ်းထောင်သို့ တဆင့်လက်ခံပိုဆောက်ရန် သံဖြူဇရပ်မြို့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသောမော်တော်ယာဥ်များကို အကြမ်းဖက်သောင်းကျန်းသူ KNLAနှင့် PDFပူးပေါင်းအဖွဲ့က နံနက် ၉ နာရီအချိန်ခန့်တွင် ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီး ကားလမ်းပေါ်၌ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

     ထိုသို့တိုက်ခိုက်မှုကြောင့် ခရီးသွားအရပ်သား (အမျိုးသား)တစ်ဦး အခင်းဖြစ်နေရာ၌ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

    ၎င်းအကြမ်းဖက်အဖွဲ့သည် မေလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်ကလည်း ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီး ကားလမ်းပေါ်တွင် ခရီးသွားကားများအား တားဆီးပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်ခြင်းကို အချိန်တစ်နာရီခန့်ကြာသည်အထိ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF ပူးပေါင်းအကြမ်းဖက်အင်အား ၅၀ ဦးခန့်သည် ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းပေါ်၌ လက်နက်အပြည့်စုံကိုင်ဆောင်၍ လှုပ်ရှားသွားလာနေကြောင်း သတင်းရရှိပါသည်။

#PAN