ကျောက်ကြီးမြို့အဝင် အင်းသဘောက်တံတားကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဒုတိယအကြိမ်း ဖောက်ခွဲဖျက်စီခံရ

မေ ၃၀

     ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့၊ မြို့အဝင် အင်းသဘောက်တံတားကို ယမန်နေ့ ည ၁၁ နာရီ ၅၀ မီးနစ်အချိန်တွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဒုတိယအကြိမ် မိုင်းထောင်ဖျက်စီးခဲ့ရာ အဆိုပါ တံတားမှာ လုံးဝပျက်စီးသွားကြောင်းသိရှိရသည်။

      ၎င်း တံတားကို မေလ ၂၃ ရက်နေ့ နံနက် ၁ နာရီ ၄၀ မီးနစ်ချိန်ခန့်ကလည်း အဆိုပါအကြမ်း ဖက်သောင်းကျန်းသူ KNU /PDF အဖွဲ့များက ပထမအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ပြီးတံတားမှာ အကျယ် ၄ ပေကျော်ခန့်အဝိုင်းပေါက်ဖြစ်သွားပြီး အောက်ခြေ သံယက်မပြိုကြပျက်စီးခဲ့ကြောင်း၊ ထိုသို့ ဖျက်စီခံရပြီး နောက်နေ့ မေ ၂၄ ရက်နေ့တွင် မြို့နယ်စည်ပင်က ဆိုင်ကယ် စီးနင်း ၍ရလောက်အောင် သစ်သားခင်းထားပေးခဲကြောင်း၊ ယခုအကြိမ်တွင် မည်သည့်ယာဥ်မှ သွားလာလို့မရတော့ကြောင်း သတင်းရရှိပါသည်။

    ”မြို့နယ်လမ်းတံတားဦးစီးဌာန ဆောက်လုပ်ရေးအဖွဲက မေလ ပထမ အပါတ်လောက်က နတ်သံကွင်းအထွက် ဘုံသတော တံတားဖျက်စီးခံရမှု မှတ်တမ်းဓာတ်ပုံရိုက်​တုံးက မိုင်းနင်းမိလို့ A.E သေဆုံးသွားပြီးတဲ့နောက်မှာ ကျန်အမှု့ထမ်းတွေ ကျောက်ကြီးမှာ မရှိကြတော့ဘူး”ဟု ဒေသခံတစ်ဦးက PAN သို့ ပြောပြလာပါသည်။

   အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေကြရာ ယခုတွင်လည်း ဒေသပြည်သူများ သွားလာအသုံးပြုနေသည့် တံတားများကို ဖျက်ဆီးပြီး အများပြည်သူများ စိုးရိမ်ကြောက်လန့်စွာဖြင့် မသွားရဲမလာရဲ၊ မသွားနိုင်မလာနိုင်အောင် တိုက်ခိုက်ဖျက်ဆီးနေကြကြောင်း သိရှိရပါသည်။

#PAN