ရေစကြိုမြို့နယ်မှ ဆရာ/ဆရာမများကို လူသတ်အကြမ်းဖက် PDF များက ဖမ်းဆီးပြီး ဖုန်းများ၊ငွေနှင့် ကားများအားသိမ်းဆည်း


မေ ၁၉

     ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင်  မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်မှ ပညာရေးဝန်ထမ်းဆရာ/ဆရာမများ သည် မော်တော်ယာဥ် ၄ စီးဖြင့် ပခုက္ကူမြို့မှ သင်တန်းတက်ပြီးအပြန် ပန်တိုင်းခြုံကျေးရွာအနီးတွင် လူသတ်အကြမ်းဖက် PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြပြီး ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ဆရာမတစ်ဦးနှင့် ယာဥ်နောက်လိုက်တစ်ဦးတို့ကို ဆက်လက်ဖမ်းဆီးထားပြီး ကျန် ဆရာ/ဆရာမများအား ပြန်လွှတ်ပေးခဲ့ပါသည်။

    အဆိုပါ လူသတ်အကြမ်းဖက် PDF များက  ဆရာ/ဆရာမများ၏ ဖုန်းများ၊ငွေများ၊နှင့် ကား ၄ စီးအား ခြိမ်းခြောက် သိမ်းဆည်းသွားကြကြောင်းနှင့် ရေစကြို-ပခုက္ကူကားလမ်းမကြီးတွင် လိုင်ကားများအနေဖြင့် ဝန်ထမ်းများကို မတင်ဆောင်ရန် အကြမ်းဖက်အဖွဲ့များက ခြိမ်းခြောက်ထားသည့်အတွက် ပြန်လွှတ်ပေးခဲ့သည့် ဆရာ/ဆရာမများသည် ပန်တိုင်းခြုံကျေးရွာမှ နီးစပ်ရာ ပခုက္ကူမြို့သို့ ခြေလျင်ပြန်ခဲ့ကြရပါကြောင်းသတင်းရရှိ့ပါသည်။

https://t.me/positiveanglenews

PAN