ယင်းမာပင်မြို့နယ်အတွင်း ချင်းအကြမ်းဖက် PDF များနှင့် နယ်မြေခံအကြမ်းဖက် PDF များကို တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်

မေ ၂၉

     ယနေ့ မွန်းတည် ၁၂ နာရီအချိန်ခန့်တွင် ချင်းအကြမ်းဖက် PDF များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း ကားတစီးဖြင့် ဝင်ရောက်လာခဲ့ရာ ကပိုင်ကျေးရွာ၏တောင်ဘက် ယမားချောင်းအတွင်း ၎င်းအကြမ်းဖက် ချင်းPDF အဖွဲ့များ စီးနင်းလာသော ကားမှာ ဗွက်နစ်နေပြီး ကပိုင်ကျေးရွာဝန်းကျင်ရှိ နယ်မြေခံအကြမ်းဖက် PDF များမှ ဝိုင်းဝန်းကူညီဆောင် ရွက်ပေးနေကြောင်း  သတင်းရရှိသဖြင့် တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုများကို မွန်လွဲ ၂ နာရီ ၁၀ မီးနစ်အချိန့်တွင် တစ်ကြိမ်၊ ၂ နာရီ ၄၀ မီးနစ်အချိန်ခန့်တွင်တစ်ကြိမ် လာရောက်ရှင်းလင်းပစ်ခတ်ခဲ့ပါသည်။

  ထိုသို့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကားနှစ်စီးနှင်အတူ လူသတ်အကြမ်းဖက် PDFအများ အပြားသေဆုံးကြောင်း ဒေသခံပြည်သူများထံမှ ဖုန်းသတင်းရ ရှိပါသည်။

#PAN