မြင်းခြံမြို့နယ်၊မြင်းခြံ-မြို့သာသွားကားလမ်း၊ထိန်ပန်းကျေးရွာ ဆိုင်း ဘုတ်အနီးတွင် အမည်မသိအမျိုးသားတစ်ဦးအသတ်ခံရ


မေ ၂၁

       ယနေ့ ညနေ ၅ နာရီ ၄၀ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊မြင်းခြံ-မြို့သာသွားကားလမ်း၊ထိန်ပန်းကျေးရွာ ဆိုင်း ဘုတ်အနီးတွင် အမည်မသိ၊အသက် ၄၃နှစ်ခန့်၊အမျိုးသားတစ်ဦးမှာ လက်နောက်ပြန်ကြိုးတုပ်လျက် ဝဲဘက် မျက်စိမှ ဖောက်ဝင်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

     အဆိုပါ အခင်းဖြစ်နေရာအနီးမှ M-22 ကျည်ခွံ ၁ ခုကို တွေ့ရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားမှုကို နယ်မြေခံရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN