တရုတ်ရေတပ်သည် ဗီယက်နမ်ရေပိုင်နက် ရုရှားနိုင်ငံ၏ဓာတ်ငွေ့တွင်းများအနီး ထွက်ခွာရန် ငြင်းဆို

မေ ၂၈

     ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုန် (EEZ) တွင် တရုတ်သုတေသနသင်္ဘောတစ်စင်းနှင့် ၎င်း၏တွဲပါရေယာဉ်ငါးစင်းကို   တောင်တရုတ်ပင်လယ်ရှိ ရုရှားကုမ္ပဏီများ ထိန်းချုပ်ထားသည့် ဓာတ်ငွေ့လုပ်ကွက်အနီးတွင် တွေ့ရှိခဲ့ပြီးနောက်တစ်ရက် အကြာတွင် သင်္ဘောများကို ၎င်းတို့၏ရေပိုင်နက်ထဲမှ ထွက်ခွာရန် ဗီယက်နမ်က တောင်းဆိုခဲသည်။

    မေလ ၇ ရက်က စတင်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် ဗီယက်နမ်၏ EEZ တွင် တရုတ်နိုင်ငံမှ Xiang Yang Hong 10 ၏ ကျုးကျော်မှုသည် 2019 ခုနှစ်နောက်ပိုင်း အထင်ရှားဆုံးသော ချိုးဖောက်မှုဖြစ်သည်ဟု ယူဆပါသည်။

    ဗီယက်နမ်၏ EEZ အတွင်း ကျရောက်နေသော ဧရိယာများ အပါအဝင် တောင်တရုတ်ပင်လယ်ရှိ သယံဇာတ ပေါကြွယ်သော ရေပိုင် နက် အများစုအပေါ် တရုတ်က ၎င်း၏ နယ်မြေပိုင်ဆိုင်မှုကို အခိုင်အမာ ပြောဆိုထားသည်။

#PAN