ဘားအံမြို့နယ်အတွင်း ပြည်သူ့စစ်(ဌာ​နေ)အဖွဲ့နှင့်KNU တပ်မဟာ(၁)၊ရင်း(၁)၊ခွဲ(၁)အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွား၊သောင်းကျန်းသူအချို့ထိခိုက်ဒဏ်ရာရပြီး သေနတ်တစ်လက်နှင့် ကျည်ကဒ် ၂ ကဒ် သိမ်းဆီးရမိ

မေ ၂၇

      ယနေ့ နံနက် ၁၀ နာရီ ၅ မီးနစ်ချိန်ခန့်တွင်  KNU တပ်မဟာ(၁)၊ရင်း(၁)၊ခွဲ(၁)ခွဲမှူး ရဲမင်းပိုင်အဖွဲ့မှ ခေါင်း​ဆောင်(စိစစ်ဆဲ)အင်အား ၇ ဦးခန့်သည် သထုံမြို့နယ်ဘက်မှ ဒုံသမိချောင်းအား​လှေဖြင့်ကူး၍ ဘားအံမြို့နယ်၊ ကျောက်တလုံး(ဝင်းဒရယ်)ကျေးရွာအုပ်စုသို့ ဦးတည်ထွက်ခွာလာ​ကြောင်းသတင်းရရှိသဖြင့် ​ကျေးရွာ ပြည်သူ့စစ်(ဌာ​နေ)အဖွဲ့မှ ​ခေါင်း​ဆောင် ဦးစောဟင်္သာ၊ ဦးစောဖိုးကွေး၊ ဦးစောချစ်သန်း တို့ ဦးဆောင်သည့် ဝင်းဒရယ်​ကျေးရွာနှင့်နော်ဖားဒိုကျေးရွာ ပြည်သူ့စစ်(ဌာ​နေ)အဖွဲ့တို့မှ ထုတ်နုတ်အင်အား ၉ ဦးဖြင့် ကျေးရွာလခရလိုက်လံဆောင် ရွက်စဥ် ပျဥ်းကတိုးကုန်းနှင့် သစ်ဖြူပင်ဆိပ်​ကျေးရွားအကြားနေရာတွင် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့​ပါသည်။

    အဆိုပါ ဖြစ်စဥ်တွင် ပြည်သူ့စစ်(ဌာ​နေ)အဖွဲ့မှ ဦးစောတေဇ(ခ) စောဘိုးဘို၊ ၄၇ နှစ်၊(ဘ)ဦး​စောဖားလဲ့၊ကရင်/ဗုဒ္ဓ၊ကျောက်တလုံး(ဝင်းဒရယ်) ကျေးရွာအုပ်စု၊ဘားအံမြို့နယ်နေသူ၏ ညာခြေသလုံး/ညာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝဲ/ယာ လက်​မောင်းကျည်ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး ၎င်းကိုတဆရ(၂/၁၀၀) သို့ ပို့​ဆောင် ​ဆေးဝါးကုသလျက်ရှိကြောင်း သိရှိရပါသည်။

    ၎င်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် လာသည့် လမ်းကြောင်းအတိုင်း နောက်ကြောင်းပြန်လှည့် ထွက်ပြေးသွားသဖြင့် ပြည်သူ့စစ်အဖွဲ့မှ နယ်မြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်ရာ ရန်သူ့ထံမှ ၅.၅၆ ကျည်သုံး အမေရိကန်နိုင်ငံထုတ် Colt AR-15 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခုသိမ်းဆည်းရမိပြီး သောင်းကျန်းသူတစ်ဦးဖြစ်သူ ကျော်ဦး ဆိုသူနှင့်အချို့ ဒဏ်ရာရရှိသွား​ကြောင်း သတင်းရရှိပါသည်။

#PAN