“Shanghai သို့ရောက်ရှိနေသည့် ရုရှားဝန်ကြီးချုပ်Mikhail Mishustin”

မေလ ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ၀န်ကြီးချုပ်ဖြစ်သည့် Mikhailb Mishustin သည် တရုတ်နိုင်ငံသို့ ၎င်း၏ ပထမဆုံးခရီးစဥ်အဖြစ် တရားဝင်ရောက် ရှိလာခဲ့တာဖြစ်ပါတယ်။

ယနေ့ မေလ ၂၃ ရက်နေ့တွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံ၏ ဝန်ကြီးချုပ်သည် ရုရှား-တရုတ် နှစ်နိုင်ငံဆိုင်ရာ စီးပွားရေးဖိုရမ် အစည်းအဝေး ပွဲကြီးသို့တတ်ရောက် မိန့်ခွန်းပြောကြားသွားမှာ ဖြစ်ပြီး Sinopec Corporation of Petrochemistry Shanghai သုတေသနဌာနသို့ သွားရောက်ကာ တရုတ်နိုင်ငံအတွင်းရှိ ရုရှားနိုင်ငံ ဆိုင်ရာ စီးပွားရေးအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသွားမှာ လည်းဖြစ်ပါတယ်။

ထို့နောက် တရုတ်နိုင်ငံ၏ သမ္မတ Xi Jinping နှင့်တစ်ကွ တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ် Li Qiang တို့နှင့်ပါ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန် စီစဉ်ထားပြီး Beijing မြို့သို့ သွားရောက် မှာဖြစ်ပါတယ်။ ထို့​နောက် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ် ရေးထိုး သွားကြမှာလည်းဖြစ်ပါတယ်။

#PAN