” အီသီယိုးပီးယားနိုင်ငံ၏ မင်းသားရုပ်ကြွင်းများကို ၎င်း၏မိသားစုထံ ပြန်လည်ပေးအပ်ရန် ငြင်းဆိုခဲ့သည့် United Kingdom “

မေလ ၂၄

အီသီယိုးပီးယားနိုင်ငံ၏ မင်းသား Alemayehu ၏ရုပ်အလောင်းအား ပြန်လည်ပေးအပ်ရန် တောင်းဆို မှုကို အီသီယိုးပီးယား အင်ပါယာမိသားစုမှ ဆင်းသက် လာသူများက တောင်းဆိုခဲ့ကြတာဖြစ်ပြီး UK နိုင်ငံ တွင် မြှုပ်နှံရန်ပြုလုပ်ခြင်းသည် “မှန်ကန် တဲ့နည်း လမ်းမဟုတ်ဘူး” လို့ အီသီယိုးပီးယား အင်ပါယာ မိသားစုမှပြီးခဲ့သည့် မေလ ၂၃ရက်နေ့တွင် ပြောဆို ခဲ့ကြတာ ဖြစ်ပါတယ်။

၁၈၆၈ ခုနှစ် တွင်အာဖရိကတိုက်ရှိ Abyssinian(အီသီယိုးပီးယား)တပ်ဖွဲ့များကို နယ်ချဲ့ ဗြိတိသျှကိုလိုနီ တပ်ဖွဲ့များက ကျူးကျော်စစ်ပွဲ တွင် စစ်နိုင်ခဲ့ပြီးနောက် အောင်ပွဲခံ သည့်အနေဖြင့် ဗြိတိသျှကိုလိုနီ နယ်ချဲ့စစ်တပ်တို့က အီသီယိုးပီးယား မင်းသားကို သိမ်းယူခဲ့ကြတာဖြစ်ပြီး နှစ်ပေါင်း ဒါဇင်ခန့်အကြာတွင် အဆိုပါ မင်းသားလေး သည် ပြည်နှင်ဒဏ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ရ တာဖြစ် ပါတယ်။