“သီရိလင်္ကာရေပိုင်နက်အနီးတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ မတွေ့ရသေး သည့် တရုတ်ငါးဖမ်းရေယာဉ်”

မေလ ၂၅

သီရိလင်္ကာရေတပ်မှ ၎င်းတို့နိုင်ငံ ရေပိုင်နက်အနီးတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံ၏ ငါဖမ်း ရေယာဥ် မှ အလောင်း ၁၄ လောင်းအား ပြန်လည် တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ၏ ရေတပ် က ပြီးခဲ့သည့် မေလ ၂၃ နေ့တွင် တရားဝင် သတင်း ထုတ် ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ငါးဖမ်းသင်္ဘောတွင် အမှုထမ်းပေါင်း ၃၉ ဦး ပါ၀င် ပြီး အသက်ရှင် ကျန်ရစ်သူ တစ်ဦးမျှ ယနေ့ထိ မတွေ့ရှိရ သေးကြောင်းလည်း သီရိလင်္ကာရေတပ်မှ ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံ၏ရေတပ်သည်ခက်ခဲသောအခြေအနေများကြားမှ ပင်လယ်ပြင်အတွင်း ရှာဖွေကယ် ဆယ်ရေး လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြရပြီး ရေငုပ်သမားများ အကူအညီဖြင့် ရုပ်အလောင်းများကို အောင်မြင်စွာ ပြန်လည် ရှာဖွေရယူ နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ အဖြစ်အပျက် ဟာ တရုတ်နိုင်ငံ၏ အာဏာပိုင်တွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ် လို့ သတင်းဌာနများမှ ဖော်ပြပြောဆိုထားပါတယ်။