ဘင်္ဂါလီဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့ ထောက်ပံ့ကြေးကို ဇွန်လမှစပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထပ်မံလျှော့ချမယ်

PAN, မေ ၂၃

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတဲ့ ထောက်ပံ့ကြေးတွေကို လာမယ့်ဇွန်လကနေစလို့ ထပ်မံလျှော့ချသွားဖို့ ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီဒုက္ခသည် တစ်သန်းကျော်အတွက် တစ်ဦးကို ၁၀ ဒေါ်လာ ထောက်ပံ့ပေးနေရာကနေ လာမယ့်ဇွန်လကစလို့ ၈ ဒေါ်လာသာ လျှော့ချထောက်ပံ့တော့မှာဖြစ်တယ်လို့ WFP က ယမန်နေ့ မေလ ၂၂ ရက်နေ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရန်ပုံငွေမလုံလောက်မှုကြောင့် အခုလို့ ထောက်ပံ့ကြေးကို လျှော့ချရတာဖြစ်ကြောင်း၊ ထောက်ပံ့ရိက္ခာ ၁၂ ဒေါ်လာ အပြည့်အဝ ပြန်ပေးနိုင်ရန်အတွက် WFP မှာ အမေရိကန်ဒေါ်လာ ၅၆ သန်း အရေးပေါ်လိုအပ်လျက်ရှိနေကြောင်း WFP ပြောခွင့်ရပုဂ္ဂိုလ် ကွန်လီက AFP သတင်းဌာနကို ဖြေကြားထားတာ တွေ့ရပါတယ်။

မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေအတွက် WFP အနေနဲ့ ဒုက္ခသည်တစ်ဦးကို မူလက လစဉ် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာတန်ဖိုးနဲ့ညီမျှတဲ့ စားနပ်ရိက္ခာဝယ်ယူခွင့်ပြေစာကို ပေးနေရာကနေ ပြီးခဲ့တဲ့မတ်လမှစလို့ ၁၀ ဒေါ်လာသာ လျှော့ချပေးအပ်ခဲ့ပြီးပေမယ့် ယခုအခါ ၈ ဒေါ်လာအထိ လျှော့ချထောက်ပံ့ပေးဖို့ ထပ်မံစီစဉ်လိုက်တာဖြစ်ပါတယ်။

WFP ဟာ မြန်မာနိုင်ငံဘက်က ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ၂၀၁၇ ခုနှစ်ကစပြီး အလှူရှင်တွေ၊ မိတ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ထောက်ပံ့ခဲ့ရာကနေ လက်ရှိအချိန်မှာ ရန်ပုံငွေလိုအပ်ချက်တွေကြောင့် အခုလို စားနပ်ရိက္ခာလျှော့ချဖို့ စီစဉ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်

PAN