ပေါင်းတည်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦးကို လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်သတ်


မေ ၂၂

       ယနေ့ နံနက် ၆ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို့နယ်၊ညောင်နီပင်ကျေးရွာတွင် ဦးသန်းနိုင်(ခ)နိုင်ကြီး၊ ၅၃ နှစ်၊(ဘ)ဦးမောင်ပု၊ ဗမာ/ဗုဒ္ဓ၊ ရာအိမ်မှူး၊ ညောင်နီပင်ကျေး ရွာနေသူကို လူသတ်အကြမ်းဖက် PDF အမျိုး သား ၃ ဦးက လက်နက်ငယ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခံခဲ့ကြောင်း သိရှိရပါသည်။

     ဖြစ်စဉ်မှာ ဦးသန်းနိုင်(ခ)နိုင်ကြီးသည် ညောင်နီပင်ကျေးရွာနေ ယောက္ခမတော်စပ်သူ ဦးသန်းညွန့်၊ ၇၈ နှစ်၊(ဘ)ဦးသိန်းမာန်၏နေအိမ်တွင်
ယောက်ဖတော်စပ်သူ ဦးသန်းနိုင်(ခ)ဖိုးပြား၏ ရက်လည်ဆွမ်းကျွေးပြုလုပ်ရန် ယောက်ဖတော်စပ်သူ ဦးအေးစိုးနှင့်အတူဆောင်ရွက်နေစဉ်
အကြမ်းဖက်သမား PDF (စိစစ်ဆဲ) ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးသန်းနိုင် (ခ)နိုင်ကြီးကို လက်နက်ငယ်ဖြင့် ၁၀ ချက်ခန့်ပစ်ခတ်ခဲ့ပြီး ညောင်နီပင်ကျေးရွာ၏အနောက်
တောင်ဘက်သို့ လှည်းလမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်၍ ပြန်လည်ထွက်ခွာသွားကြောင်းသိရှိရပါသည်။

     အခင်းဖြစ်နေရာဝန်းကျင်အား ရှင်းလင်းစဉ် ၅.၅၆ ကျည် ၁ တောင့်၊ ၉မမကျည်ခွံ ၂ ခု၊ ၅.၅၆ ကျည်ခွံ ၇ ခုကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

PAN