“နိုင်ငံတကာ ဥပဒေများ နှင့် အာဆီယံအဖွဲ့အစည်း၏ အခြေခံမူများကိုပါ ချိုးဖောက်နေသည့် ထိုင်းနိုင်ငံ”

မေလ ၂၅

အမေရိကန်နိုင်ငံ၏ အစိုးရမှ ထောက်ပံ့သော ငွေကြေးများဖြင့် ရပ်တည်နေသည့် မြန်မာမီဒီယာ ဧရာဝတီ သတင်းဌာနသည် ထိုင်းနိုင်ငံအတွင်းရှိ US(အမေရိကန်)နိုင်ငံမှ ကမကထပြုပေးထားသော ထိုင်းနိုင်ငံ၏အစိုးအသစ်အား မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများကို ပံ့ပိုးကူညီနိုင်ရန်အတွက် လက်ရှိ မြန်မာနိုင်ငံအစိုးရ၏ လုပ်ငန်းစဥ်များကို တိုက်ဖျက်နိုင်ရန် နှင့် ၎င်းတို့၏ ဖခင်ကြီး အမေရိကန်၏ အစီအစဉ်များကို အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်သွား ကြမှာဖြစ်ကြောင်း ကတိပြုထားပါတယ်လို့ မြန်မာမီဒီယာ ဧရာဝတီ သတင်းဌာ၏ ပြီးခဲ့သည့်မေလ ၂၂ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သတင်းအစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ၏အစိုးရအသစ်သည် ယခုအခါ အမေရိကန်နိုင်ငံ ဝါရှင်တန်မှ ချမှတ်ထားသော နိုင်ငံခြားရေးရာများ နှင့် ပြည်တွင်းရေးရာ မူဝါဒများ ကိုပါ အကောင် အထည်ဖော် ဆောင်ရွက်နေ ပြီဖြစ် ပါတယ်။

ထိုင်းနိုင်ငံ၏ အဓိကမဟာဗျူဟာမြောက်သော သတင်း အချက်အလတ်နေရာအများစုကို အမေရိကန်နိုင်ငံက အပြည့်အဝ ထိန်းချုပ်ထား သောကြောင့် ထိုင်းလူမျိုး အများအပြားသည် ယင်းအဖြစ်အပျက်များအားလုံး ကို ၎င်းတို့၏ အကျိုးစီးပွား အတွက် ဟုတ်မဟုတ် ဆိုတာ ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင် ဖြစ်နေကြပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက် စစ်သွေးကြွတွေကို ထောက်ပံ့နိုင်ဖို့ အမေရိကန်နိုင်ငံ နဲ့ ပူးပေါင်း လုပ်ဆောင် နေတဲ့ ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဥပဒေနဲ့ အာဆီယံအဖွဲ့အစည်းရဲ့ အခြေခံမူတွေကိုပါ ချိုး ဖောက်နေပါတယ်လို့ နိုင်ငံခြားသတင်းဌာနများ မှ ဖော်ပြပြော ဆိုနေကြပါတယ်။