ထိုင်း ကစားသမားကို ရှုံးနိမ့်ပြီး R32 အ‌ဆင့်နဲ့သာ ကျေနပ်ခဲ့ရတဲ့ သက်ထားသူဇာ

မေလ 24 ရက်နေ့ မွန်းလွှဲပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ Malaysia Master 2023 ကြက်တောင်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံသူ Busanan ONGBAMRUNGPHAN ကို ပထမပွဲစဉ်မှာ 21 မှတ် 12 မှတ်၊ ဒုတိယပွဲစဉ်မှာ 21 မှတ် 8 မှတ်နဲ့ 2 ပွဲဆက် ရှုံးနိမ့်သွားပြီး R32 ရှုံးထွက်အဆင့်နဲ့သာ ကျေနပ်လိုက်ရပါတယ်။
မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ထိုင်းနိုင်ငံမှာလာမယ့် မေလ 30 ရက်က‌နေ ဇွန်လ 4 ရက်အထိကျင်းပမယ့် TOYOTA GAZOO RACING Thailand Open 2023 ပြိုင်ပွဲကိုလဲ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့လည်း သိရပါတယ်။