ထိုင်းနိုင်ငံ၊ရနောင်းခရိုင်တွင် မြန်မာ၂ ဦးကိုလူသတ်အကြမ်းဖက် PDF များက ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်


မေ ၂၂

      ထိုင်းနိုင်ငံ၊ရနောင်းခရိုင်အတွင်းရှိ ကရဘူရီနှင့် ကီလို၃၀ ကွာဝေးသော စောပလက်ရွာ၌ ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့၊ဝိုင်ဒင်းကျေးရွာမှကိုရဲနှင့် ကိုထက်ဆိုသူ ၂ ဦးတို့ကို ယမန်နေ့တွင်အမည်မသိအကြမ်းဖက်များမှသတ်ဖြတ်သွားကြောင်းသိရှိရပါသည်။

   ၎င်းတို့ ၂ ဦးသည် ထိုင်းနိုင်ငံတွင်နေထိုင်သော်လည်းမြန်မာစစ်တပ်နှင့်ဆက်သွယ်မှု့ရှိသည်ဟုဆိုကာ ဒလန်ဟုသောစွပ်စွဲချက်ဖြင့် သတ်ဖြတ်ခြင်းဖြစ်ကြောင်းနှင့် ထိုင်းတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

PAN