တောင်ငူမြို့နယ်အတွင်း PDF အမည်ခံ လူသတ်အကြမ်းဖက်များ ရွာသားအသွင်ဖြင့်နေထိုင်နေကြစဥ် တပ်မတော်စစ်ကြောင်းက ဖော်ထုတ်ဖမ်းဆီး


မေ ၂၅

     ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့နယ်၊ကညင်မြောင်အုပ်စု၊သရက်ပင်ကုန်းကျေးရွာနှင့် စပါးကြွယ်ကျေးရွာအုပ်စု၊ဆိတ်မြောင်ကျေးရွာ တို့အတွင်း ယမန်နေ့တွင် တပ်မတော်စစ်ကြောင်းက PDF အမည်ခံ လူသတ်အကြမ်းဖက်များကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ကညင်မြောင်အုပ်စု၊သရက်ပင်ကုန်းကျေးရွာမှ အကြမ်းဖက် PDF ၆ ဦးဖြစ်ကြသော ဝင်းကျော်(ဘ) ဦးဝင်းမြင့်၊ ကရင်ဝင်းမြင့်၊ မိုးဝင်း(ဘ)ဦးထွန်းမြင့်၊မိုးဒီ၊ကုလားမကြီး၊ အမည်မသိရသေးသော အမျိုး သမီး တစ်ဦ၊နှင့် စပါးကြွယ်ကျေးရွာအုပ်စု၊ဆိတ်မြောင်ကျေးရွာမှ အကြမ်းဖက် PDF ၂ ဦး ဖြစ်ကြသော သန်းဇော်(ဘ)ဦးတင်မောင်၊ မျိုးလှ၊ စုစုပေါင်း PDF အမည်ခံ လူသတ်အကြမ်းဖက် သမား ၈ ဦးကို ဖော်ထုတ်ဖမ်းဆီးရရှိခဲ့ပါသည်။ အဆိုပါ PDF အမည်ခံ လူသတ်အကြမ်းဖက် သမားများသည် ရွာသားအသွင်ဖြင့်နေထိုင်နေကြစဥ် တပ်မတော်စစ်ကြောင်းက ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထံတွင် လက်နက်များထားရှိခြင်းမရှိကြောင်း သိရပါသည်။

    အလားတူ မေလ ၂၂ ရက်နေ့ နံက်ပိုင်းက ကညင် မြောင်အုပ်စု၊သရက်ပင်ကုန်းရွာမှလူသတ် အကြမ်းဖက် PDF ၁ ဦးကိုလည်း ကြို့ပင်ဆိပ်ရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

PAN