ပုဗ္ဗသီရိမြိုနယ်တွင် ဝါယာရှော့ဖြစ်ရာမှ နေအိမ် ၁လုံး မီးလောင်ဆုံးရှုံး

(မှုခင်း) စက်တင်ဘာ ၂၂

နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ နဝဒေးရပ်ကွက်၊ ရွှေအင်ကြင်း(၂) လမ်းရှိ အမှတ် (၁၆၀၉) နေအိမ် ၁လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၂ရက် မွန်းတည့်၁၂နာရီ၁၅မိနစ်အချိန်က ပုဗ္ဗသီရိမြိုနယ်၊ နဝဒေးရပ်ကွက်၊ ရွှေအင်ကြင်း(၂) လမ်းအမှတ် (၁၆၀၉) ဦးဦးမြင့်၏ နေအိမ်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်းသည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဥ် ၃စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂နာရီ၄၀မိနစ်ချိန်တွင် မီးငြိမ်းနိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးမြင့်ဦး ပိုင်ဆိုင်သော အလျား (၃၂) ပေ၊ အနံ (၂၇) ပေရှိ‌သော သွပ်မိုး/ ပျဉ်ကာ ပျဉ်ခင်း အိမ်တစ်လုံးအား မီးလောင်ကျွမ်းခဲ့ပြီး ၎င်းအားအမှုဖွင့်လှစ် အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN