ဇေယျာသီရိမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်း၊မိုင်တိုင်အမှတ် ၂၃၆/၄ တွင် စက်ပျက်၍ရပ်ထားသော တွဲကားကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်ခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး


မေ ၂၄
     
       ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်က နေပြည် တော်၊ဇေယျာသီရိမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်း၊မိုင်တိုင်အမှတ် ၂၃၆/၄ တွင် တပ်ကုန်းဘက်မှ ပျဥ်းမနားဘက်သို့ ကျော်ဖြိုးနိုင်၂၁နှစ် ၊ပြည်စံအောင်ရပ်ကွက်၊ဇေယျာသီရိမြို့နယ်နေသူ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးသည် ရပ်ထားသော ယာဉ်မောင်းမိုးစက်နိုင်၂၄နှစ်၊(ဘ)ဦးမြင့်စို ၏ 7K-4076၊ တွဲအမှတ် TLR 4696 ယာဉ်ကို နောက်မှဝင်တိုက်ခဲ့ပါသည်။

     စည်ပင်ဝန်ထမ်းဖြစ်သူ ကျော်ဖြိုးနိုင် မောင်းနှင်သောဆိုင်ကယ်အမှတ် 74W- 26552 KENBO(110)နက်သည် လမ်းပေါ်တွင်စက်ပျက်၍ရပ်ထားသော ယာဉ်မောင်းမိုးစက်နိုင်မောင်နှင်သည့် 7K-4076ကို နောက်မှဝင်တိုက်မှု့ကြောင့်  ကျော်ဖြိုးနိုင်တွင် နဖူး ပေါက်/ကွဲဒဏ်ရာရရှိကာ‌ အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

PAN