စစ်ကိုင်းဒေသကြီးအတွင်း နယ်မြေသတင်းထူးများ


မေ ၂၁

***  စစ်​ကိုင်းမြိုနယ်​၊ဆား​တောင်​ရဲစခန်းကို ယနေ့ညနေ ၆ နာရီ ၁၀ မီးနစ်အချိန်မှစတင်၍ အကြမ်း ဖက်သောင်းကျန်းသူ PDF အင်​အား ၃၀၀ ခန့်က ဝင်​ရောက်တိုက်​ခိုက်ခဲ့ကြောင်း၊ ပဒူ ၊ မအူပင်​ကုန်​တန်း​လေးဖက်​တိုက်​ပွဲဖြစ်​နေ​ကြောင်း၊ စစ်​ဘေး​ရှောင်​သည်​ဟုဆိုကာ မြို့​ပေါ် ရပ်​ကွက်​ဘုန်းကြီး​ကျောင်းများတွင်​အများအပြား​ရောက်​ရှိ​နေကြောင်း၊ ည ၉ နာရီ ၄၅ မီးနစ်အချိန်တွင် အပစ်ရပ်သွားကြောင်း၊ ရဲတပ်​ဖွဲ့ဝင်​တစ်​ဦး မစိုးရိမ်ရ ဒဏ်​ရာရဟုသိရှိရပြီး တစ်​ဖက်​ အကြမ်းဖက် PDF ထိခိုက်သေဆုံးမှု အ​ခြေ​နေမသိရ​သေးကြောင်း သိရှိရပါသည်။

***   စစ်ကိုင်းမြို့နယ်၊ကံတလူ တိုးဂိတ်​တွင် ယနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်​က လူသတ်အကြမ်းဖက် PDF များက ဒရုန်းဖြင့်​တိုက်​ခိုက်​ခဲ့ရာ အရပ်​သား ၂ ဦးနှင့် ယဉ်​ထိန်းရဲ ၁ဦး​စုစုပေါင်း ၃ ဦးထိခိုက်​ဒဏ်​ရာရရှိခဲ့ကြောင်းသိရှိရပါသည်။

***   ကန့်ဘလူမြို့နယ်၊ချပ်သင်းတိုက်နယ်၊တင်မော်အုပ်စု၊တင်​မော်ရွာနေ လှိုင်မင်းကို၊ ၂၀ နှစ်၊ (ဘ) ဦးမင်းမင်းနှင့် မင်းဖြိုအောင်၊ ၂၁ နှစ်၊ (ဘ) ဦးမောင်နိုင် တို့နှစ်ဦးသည် ယနေ့ နံနက်ပိုင်းက ချပ်သင်းမှ ကန့်ဘလူသို့ ထွက်လာစဉ် လမ်းခရီး၌
လူသတ်အကြမ်းဖက် PDF များက ဖမ်းဆီးပြီး
သတ်ဖြတ်လိုက်ကြောင်းနှင့် အဆိုပါ အသတ်ခံရသူ လူငယ်နှစ်ဦးမှာ ပြည်သူစစ်အဖွဲ့ဝင်များဖြစ် ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN