ငါန်းဇွန်မြို့နယ်မှ စက်လှေဖြင့် ခရီးသည်ပို့ဆောင်ပေးသူ သာမန်ပြည်သူတစ်ဦးကို လူသတ်အကြမ်းဖက် PDF များက အကြောင်းမဲ့ဖမ်းဆီး


မေ ၂၂

      ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊ရေလည်သောင်အုပ်စု၊ရေလည်သောင်အနောက်ရွာနေ ဦးဇော်ဝင်း၊ ၄၇ နှစ်၊(ဘ) ဉီးဘိုဒွေး သည် ရေလည်သောင်ကျေးရွာမှ ဧရာဝတီမြစ်တစ်ဘက်ကမ်း မြင်းမူမြို့သို့  စက်လှေဖြင့် ခရီးသည်ပို့ဆောင်ပြီး မြင်းမူဆိပ်ကမ်း၌ရှိနေစဉ် ဆိုင်ကယ်များဖြင့်လူသတ်အကြမ်းဖက် PDF များ ရောက်ရှိလာပြီး ဦးဇော်ဝင်းအား မေးမြန်းစရာရှိသည်ဟုပြောဆို၍  ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

           ဦးဇော်ဝင်း၏ ဆွေမျိုးသားချင်းများမှ မြင်းမူရဲစခန်းသို့ အသိပေးအကြောင်းကြားပြီး စုံးစမ်းရှာဖွေခဲ့သော်လည်း ယခုအချိန်ထိ အကြောင်းတစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်းနှင့် ဦးဇော်ဝင်းမှာ သာမန်ပြည်သူတစ်ဦးသာဖြစ်ကြောင်း သတင်းရရှိပါသည်။

PAN