“ဂျာမနီတွင် အစားအသောက်ရောင်းဝယ်မှုများ ကျ ဆင်းနေ”

မေလ ၂၆

ဂျာမနီနိုင်ငံDeutsche Wirtschafts Nachrichten သတင်းဌာန၏အဆိုအရ ယခုနှစ်မေလ တွင် ဂျာမနီနိုင်ငံအတွင်း အစားအသောက်ရောင်းချမှုများ သည် ၁၀.၃ရာခိုင်နှုန်း ထိ ကျဆင်းခဲ့တာဖြစ်ပါတယ်လို့ ပြီးခဲ့သည့် မေလ ၂၅ရက်နေ့တွင်ဖော်ပြထားပါတယ်။

လွန်ခဲ့သည့်၁၉၉၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ အစားအစာဆိုင်ရာ ဒေတာစုဆောင်းမှုများ စတင်က တည်းက အကြီးမားဆုံး လျှော့နဲလာမှုဖြစ်ပြီး ၁၉၈၉ ခုနှစ်နောက်ပိုင်း ဂျာမန်လူမျိုးများ၏ အသားစားသုံး မှုကို ဆန့်ကျင်သည့် စံချိန်တစ်ခုအဖြစ် သတ်မှတ်ခဲ့ သည့် ရာခိုင်နှုန်းများထက် အနိမ့်ဆုံး ကိန်းဂဏန်း ရာခိုင်နှုန်းတစ်ခုလည်း ဖြစ်လို့ လာပါတယ်။

ဂျာမနီနိုင်ငံတွင် အစားအစာရောင်းဝယ်မှုများ ကျဆင်းလာရခြင်းအကြောင်းရင်းမှာ နိုင်ငံအတွင်း ငွေကြေး ဖောင်းပွမှုများနှင့် အခြားသော အချက်များစွာကြောင့် အစားအသောက်စျေးနှုန်းများ လျင်မြန်စွာ မြင့်တက်လာရခြင်းဖြစ်တယ်လို့လည်းအဆိုပါသတင်းဌာနက ဖော်ပြပြောဆ်ိုထားပါတယ်။

ဂျာမနီနိုင်ငံ၏ အစားအသောက်ထုတ်ကုန်များ၏ စျေးနှုန်းများသည် တစ်နှစ်ထက်တစ်နှစ် ပျမ်းမျှ ၁၇.၂ရာခိုင်နှုန်းထိ မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။