ရွှေတောင်မှာ ဗုံးပေါက်ကွဲမှုဖြစ်

(မှုခင်း) မတ် ၁၉ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ရွှေတောင်မြို့ ရွှေတောင်မြို့၊ကြာနီကန်ရပ်ကွက်၊ တည်ကုန်းရွာသစ်လမ်းတွင် ဆိုင်ကယ်အား ဆိုက်ကားပုံစံပြုလုပ်ထားတဲ့ ဘေးတွဲယာဉ်ပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ရွှေတောင်မြို့၊ကြာနီကန်ရပ်ကွက်တွင် မတ်လ ၁၈ ရက်နေ့…

ပဲခူးမြို့၌ မျက်စိအခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမှု့အား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ပါဝင်ဆောင်ရွက်

(ပြည်တွင်း) မတ် ၁၈ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ “ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည် အသွေးမြင့်မားရေး”ဟူသည့်ရည်ရွယ်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ပဲခူးမြို့၊ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံ၌ မျက်စိအခမဲ့စမ်းသပ်ခွဲပေးမှုအား မတ်လ(၁၇)ရက်နေ့မှ(၂၁)ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ပေးလျှက်ရှိရာ…

ဝမ်းဘဲအင်းကျေးရွာတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာမှ လူထိခိုက် သေဆုံးခဲ့ရ

(မှုခင်း) မတ် ၁၈ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ၊ ဒေးစွန်ပါဘုရားမုခ်ဦးဝင်ပေါက်အနီး ရန်ကုန်-မန္တလေးကားလမ်းမတွင် မတ်လ(၁၈)ရက်နေ့၊ နံနက်(၈)နာရီခွဲအချိန်ခန့်က ယာဥ်တိုက်မှု့ဖြစ်ပွားခဲ့ရာမှ လူသေဆုံး၍ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဖြစ်စဥ်မှာ ရန်ကုန်မြို့ဘက်မှ ယာဥ်မောင်းအောင်ကိုမင်း…

ဂါဇာကမ်းမြှောင်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် တစ်ညတည်း လူ ၂၀၀ ကျော်သေဆုံး

(နိုင်ငံတကာ) မတ် ၁၈ ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေးလေတပ်၏တိုက်ခိုက်မှုကြောင့် တစ်ညတည်း လူ ၂၂၀ ထပ်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။ အစ္စရေးအစိုးရ၏ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုတွင် ပါလက်စတိုင်းလက်ထောက်ပြည်ထဲရေးဝန်ကြီးနှင့် လုံခြုံရေးအရာရှိအချို့သေဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုသည် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား…

“မကွေးဆေးတက္ကသိုလ်မှ ကျောင်းဆင်းဆရာဝန် ၅,၀၀၀ နီးပါးရှိလာ”

(ကျန်းမာရေး) မတ် ၁၈ မကွေးဆေးတက္ကသိုလ်၏ (၁၆) ကြိမ်၊ (၁၇) ကြိမ်နှင့် (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ ၁၅ ရက်က မကွေးဆေးတက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။…

“စားနပ်ရိက္ခာထောက်ပံ့မှုကို ဧပြီလမှစတင်ကာ ရပ်ဆိုင်းတော့မယ်လို့ WFP မှထုတ်ပြန်”

(နိုင်ငံတကာ) မတ် ၁၈ မြန်မာနိုင်ငံက လူဦးရေ ၁ သန်းကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆောင်ရွက်ပေးနေတဲ့ စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်ကို ရန်ပုံငွေလိုအပ်ချက်ရှိနေတဲ့အတွက် လာမယ့်ဧပြီလကစပြီး ရပ်ဆိုင်းတော့ မယ်လို့…

နမ့်စန်မြို့မဈေး မီးလောင်မှုဖြစ်

(မှုခင်း) မတ် ၁၇ ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့ မြို့မစျေးမှာ ဒီနေ့ မတ်လ ၁၇ ၇ကျ ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်တွင်…

နိုက်ကလပ်မီးလောင်မှု နောက်ဆက်တွဲ လူ ၁၅ ဦးဖမ်းဆီးခံရ

(နိုင်ငံတကာ) မတ် ၁၇ လူ ၆၀ နီးပါး သေဆုံးခဲ့သည့် မြောက်မက်ဆီဒိုးနီးယား နိုက်ကလပ်မီးလောင်မှု နောက်ဆက်တွဲ လူ ၁၅ ဦးဖမ်းဆီးခံရကြောင်းသိရသည်။ အဆိုပါ မီးလောင်မှုအား မြောက်မက်ဆီဒိုနီးယား…

တပ်ကုန်းမြို့နယ်တွင် လက်နတ်၊ခဲယမ်းများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

(မှုခင်း) မတ် ၁၇ နေပြည်တော် ၊တပ်ကုန်းမြို့နယ်၊ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာရှိ ကင်းသာပူးပေါင်းစစ်ဆေးရေးဂိတ်၌ လက်နတ်၊ခဲယမ်းများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။ ယနေ့နံနက် ၉နာရီအချိန်ခန့်က ကင်းသာ- ပင်လောင်း သွားလမ်းပေါ်တွင်…

ယီမင်တွင် အမေရိကန်၏တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၃ ဦးထိရှိလာ

(နိုင်ငံတကာ) မတ် ၁၇ ဒေါ်နယ်ထရမ့်အမိန့်ဖြင့်တိုက်ခိုက်ခဲ့သော ယီမင်တိုက်ခိုက်မှုတွင် ကလေးငယ်ငါးဦးအပါအဝင် လူပေါင်း ၅၃ ဦးထိရှိလာကြောင်းသိရသည်။ ဟူသီသူပုန်များအားပစ်မှတ်ထားတိုက်ခိုက်ကြောင်း အမေရိကန်စစ်ဘက်တာဝန်ရှိသူများမှ ထုတ်ပြန်ထားသောလည်း သေဆုံးသူများတွင် ကလေးငယ်များ အပစ်မဲ့ပြည်သူများပါဝင်ခဲ့ကြောင်းသိရသည်။ ပင်တဂွန်၏အဆိုအရ…