(မှုခင်း) နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အိတ်စွပ်ရွာနှင့် ပျဉ်းခုံလေးရွာကြားရှိ လမ်းပိုင်းတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးကာ ဆိုင်ကယ်၊ ရွှေဆွဲကြိုးနှင့် လက်ကိုင်ဖုန်းတို့ လုယက်သွားသည့်ဖြစ်စဉ် နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကလေးမြို့သူ အမျိုးသမီးတစ်ဦးသည် နိုဝင်ဘာ ၁၁ ရက်က လယ်တောသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း သွားရောက်စဉ် အိတ်စွပ်ရွာနှင့် ပျဉ်းခုံလေးရွာကြား လမ်းပိုင်း၌ လုယက်သူတစ်ဦး၏ တားဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့ တားဆီးခံရပြီးနောက် အဆိုပါအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်ထိုးခဲ့ကာ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်၊ ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးနှင့် လက်ကိုင်ဖုန်းတို့ကို လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် အမျိုးသမီး၏ ထိခိုက်ဒဏ်ရာအခြေအနေ၊ လုယက်သူကို ဖမ်းဆီးရမိမှုနှင့်ပတ်သက်သည့် အသေးစိတ်မသိရှိသေးပေ။

Telegram – t.me/positiveanglenews
#PAN