ညောင်ဦးမြို့နယ် ပခုက္ကူတံတားအနီး ဇက်တွဲသင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား

(မှုခင်း) နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပခုက္ကူတံတားအနီးတွင် ဇက်တွဲသင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် နံနက် ၃ နာရီ ၂၁ မိနစ်အချိန်ခန့်က ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာအုပ်စု၊ ပခုက္ကူတံတား တိုင်အမှတ် ၅ အနီးရှိ ဇက်တွဲသင်္ဘောတစ်စီး မီးလောင်နေကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ‌ရေသယ်ယာဉ်(၁)၊ Assault Boat (၁)စီး၊ ပခုက္ကူခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN