(မှုခင်း) နိုဝင်ဘာ ၃
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ CDF အမည်ခံအဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးသွားလမ်းပေါ်ရှိ လုံပီးကျေးရွာနှင့် တလန်ယောကျေးရွာကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေါ်ဟရန်ကျဲရ်ထွေး (၃၆) နှစ်သည် သမီးဖြစ်သူ မကျဲရ်စင်မွှေးလဲင်းချိုင် (၁၇) နှစ်၊ မနိုအဲယ်ပါမ်ချိုင် (၁၂) နှစ်တို့နှင့်အတူ ဟားခါးမြို့မှ ကလေးမြို့ဘက်သို့ ယာဉ်မောင်း ဦးအောင်လေး (ခ) အောင်ကျော်ထွေး (၃၀) နှစ် မောင်းနှင်သော အဖြူရောင်အိုးဝေယာဉ်ဖြင့် ဖလမ်း-ဟားခါးလမ်းအတိုင်း သွားလာနေစဉ် CDF အမည်ခံအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါသူများတွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့သဖြင့် ၎င်းတို့၏ ရုပ်အလောင်းများကို ဖလမ်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN