(မှုခင်း) နို၀င်ဘာ ၃
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရွှေအိုးစည်ခရီးသည်တင်ယာဉ်တစ်စီး စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ထိန်းချုပ်မရဘဲ လမ်းလယ်ကျွန်းတံတားလက်ရမ်းအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂ ရက် ည ၁၂ နာရီ ၁၀ မိနစ်ခန့်က နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသည့် 9C-7309 အဖြူအစိမ်းရောင် SCANIA အမျိုးအစား ရွှေအိုးစည်ခရီးသည်တင်ယာဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၆၇/၂ နှင့် ၂၆၇/၃ ကြားအရောက်တွင် Steering Column Cross Ball Bearing ပျက်စီးသွားသဖြင့် ယာဉ်ကိုထိန်းချုပ်မရတော့ဘဲ လမ်းလယ်ကျွန်းတံတားလက်ရမ်းအား ဝင်တိုက်ခဲ့ရာယာဉ်မတော်တဆမှုကြောင့် လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးရန်၊ ယာဥ်ပေါ်ပါသူအားလုံးထိုင်ခုံခါးပတ်ပတ်ရန်၊ သတ်မှတ်လူဦးရေထက်ပိုမတင်ရန်၊ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းအောက်၌သာမောင်းနှင်ကြပါရန် သတိပေးထားသည်။

Telegram – t.me/positiveanglenews
#PAN