ကျိုင်းတုံမြို့တွင် ငွေကျပ် ၁,၁၂၇ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

(မှုခင်း) နိုဝင်ဘာ ၂

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ နေအိမ်တစ်အိမ်မှ ငွေကျပ် ၁,၁၂၇ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆေးပြားများကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၁ ရက် ည ၉ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက်ရှိ စိုင်းဝင်းအောင်ဆွေ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ အလေးချိန် ၆၂၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၆၂၅ သိန်း)၊ ဆူဒိုအက်ဖီဒရင်းဆေးပြား ၄၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ် ၂ သိန်း)၊ Ethyl Vanillin အလေးချိန် ၁၀၀ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ စိုင်းဝင်းအောင်ဆွေ (၃၄) နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်စပ်ပါဝင်သူများကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN