


(မှုခင်း) အောက်တိုဘာ ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ရန်ကုန်-မော်လမြိုင်သွားကားလမ်းမပေါ်တွင် ခရီးသည်ယာဥ်မှ မိသားစုဝင် ၃ဦးစီးလာသည့် ဆိုင်ကယ်အား နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၈ရက် မွန်းလွဲ၁နာရီကျော်အချိန်က သထုံဘက်မှဘဘီးလင်းဘက်သို့ တံတားဦးကျေးရွာမြောက်ပိုင်းနေ စိုးမိုးသူ(၄၄)နှစ်မောင်းနှင်ပြီးအလယ်မှသမီးနန်းအိမ်သူချစ်စံအသက်(၅)နှစ်နှင့်နောက်မှ ဇနီးဖြစ်သူဒေါ်မေယုစံ(၄၂)နှစ်တို့ စီးလာသည့် MON-………. HONDA wave125ဆိုင်ကယ်သည် မိုးကောင်းကျေးရွာ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမမိုင်တိုင် အမှတ်၇၅/၁နှင့်၇၅/၂ကြားအရောက်တွင် လားရာတူယာဉ်မောင်း စိုးမင်းအောင် မောင်းနှင်လာသည့်ရွှင်လန်း Expressယာဉ်မှ ဆိုင်ကယ်အား နောက်မှဝင်ရောက်တိုက်မိသဖြင့်ဆိုင်ကယ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ စိုးမိုးသူတွင် ဝဲဘက်ရင်ဘတ်အောက်ဒဏ်ရာ/ယာတံတောင်ပွန်းပဲ့ဒဏ်ရာ/ဝဲ/ယာဒူးခေါင်းစုတ်ပြဲဒဏ်ရာခြေဖမိုးစုတ်ပြဲ(မစိုးရိမ်ရ)ဒဏ်ရာများနှင့်မနန်းအိမ်သူချစ်စံမှာကျောကုန်းပွန်းပဲ့ဒဏ်ရာ/မေးစေ့အောက်ပွန်းပဲ့(မစိုးရိမ်ရ)ဒဏ်ရာများရပြီး ဒေါ်မေယုစံတွင်နဖူးပွင့်ဦးခေါင်းပြားဒဏ်ရာများရရှိပြီးအခင်းဖြစ်နေရာတွင်သေဆုံးခဲ့ရကြောင်းသိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၂ဥိးနှင့်သေဆုံးသူ ၁ဦးတို့အား မိုးကောင်းလူမှုကယ်ဆယ်ရေးအသင်းမှအရေးပေါ်လူနာတင်ယာဉ်ဖြင့် သိမ်ဆိပ်ဆေးရုံသို့ပို့ဆောင်ပေးပြီး ထိုဆေးရုံမှတဆင့် သထုံဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း၊ ယဉ်တိုက်မှုဖြစ်စဉ်အား အမှုဖွင့်လှစ် အရေးယူနိုင်ရန်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
အလာတူ အောက်တိုဘာလ ၂၇ ရက် နံနက် ၈ နာရီခန့်က အဆိုပါ မိုးကောင်းဖရဲသီးဆိုင်တန်းရှေ့၊ ရန်ကုန်-မော်လမြိုင်တွင် ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့ခြင်းကြောင့် ဆိုင်ကယ်မောင်းသူ အသက် ၄၂ နှစ်အရွယ် ဦးသီဟဦးဆိုသူအမျိုးသားမှာ နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။