ရာဘာခြံအတွင်းPDFထောင်ထားသည့် တိုက်မိုင်းကြောင့် အလုပ်လုပ်နေ့သည့် ညီမ ၂ဦး ထိခိုက်ဒဏ်ရာရရှိ

(မှုခင်း)အောက်တိုဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် တိုက်မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အောက်တိုဘာ ၂၇ရက် ညနေ ၅ နာရီတွင် ရေဖြူမြို့နယ်၊ ရန်ကင်းကျေးရွာနေ မငုသန္တာကျော်(၁၇)နှစ်သည် ၎င်း၏ ညီမဖြစ်သူ မဝေနှင်းခက်(၁၅)နှစ်နှင့်အတူ ကျေးရွာအနီးရှိ ရော်ဘာခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ်PDFအကြမ်းဖက်သမားများ ထောင်ထားသည့် တိုက်မိုင်း တစ်လုံးအား မငုသန္တာကျော်မှ တိုက်မိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိသူ အမျိုးသမီးနှစ်ဦးအား ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN