(မှုခင်း)စက်တင်ဘာ ၃၀
ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၆၈/၄နှင့် ၆၈/၅ကြားတွင် လမ်းဘေးမြေသားလမ်းပေါ် လမ်းလျောက်နေသူ အမျိုးသား ၂ဦးအား ယာဥ် ၁စီးမှ နောက်မှဝင်တိုက်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။
စက်တင်ဘာ ၂၉ရက် ည၉နာရီခွဲကျော်အချိန်က ရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်တွင် နေပြည်တော် မှ ရန်ကုန်သို့ မောင်းနှင်လာသည့် Toyota Noah အနက်ရောင်ယာဉ်သည် လက်ယာဖက်ယာဥ်ကြောနှင့်ကပ်လျက် မြေသားပေါ်တွင် လမ်းလျှောက်နေသူ ကျား (၂)ဦးအား နောက်မှ ဝင်ရောက် တိုက်မိခဲ့ပြီး ယာဉ်အား ထား၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်ကြောင့် လမ်းလျှောက်လာသူ ကျား(၂)ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း ထိုသို့ယာဥ်တိုက်မှုဖြစ်ပွားစဥ်ယာဥ်ကိုရပ်တန့်၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့သို့ သတင်းပို့အစစ်ဆေးခံရန်ပျက်ကွက်ခဲ့သော 2H/7043 Toyota Noah မောင်းနှင်သူ ယာဥ်မောင်း ကို ဖမ်းဆီးရမိရေးရှာဖွေဆောင်ရွက်ရာ စက်တင်ဘာ ၃၀ရက် နေ့ ၊ နံနက်အစောပိုင်းအချိန်တွင် မိုင် ၆၉/၄ အနီးတွင် လမ်းဘေး၌ ကားတား၍ထွက်ခွာရန်ကြိုးပမ်းစဥ် ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေပုဒ်မ ၃၀၄(က)/၂၀၂ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN