ဆွာတံတားအဝင်၌ EXPRESS ယာဉ် အရှိန်မထိန်းနိုင်၍ ကွန်ကရစ်နံရံတိုက်မိ

(မှုခင်း) စက်တင်ဘာ ၂၄

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၅/၀၊ နေပြည်တော်မှ ရန်ကုန်သို့ သွားသည့်လမ်းပိုင်း၊ ဆွာတံတားအဝင်၌ ခရီးသည်တင် EXPRESS ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်ကြောခွဲခြားထားသည့် ကွန်ကရစ်နံရံများနှင့် အချက်ပြမီးဝါများကို တိုက်မိသည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက် ၀၀:၃၀ နာရီခန့်တွင် 9K/1116 SCANIA အမျိုးအစား ခဲရောင် EXPRESS ခရီးသည်တင်ယာဉ်ပေါ်၌ ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၂၉ ဦး လိုက်ပါလာခဲ့ပြီး ယာဉ်မောင်းနှင့် ခရီးသည်အားလုံး ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

သို့သော် အချက်ပြမီးများနှင့် လမ်းအကာကွန်ကရစ်နံရံများ ပျက်စီးခဲ့ကြောင်း သိရသည်။

အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် အိပ်မငိုက်ဘဲအာရုံစူးစိုက်​မောင်းရန်၊ မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးရန်၊ လူအားလုံးထိုင်ခုံခါးပတ်ပတ်ရန်၊ သတ်မှတ်လူဦးရေထက်ပိုမတင်ရန်၊ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းအောက်၌သာမောင်းနှင်ကြပါရန် သတိပေးအပ်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN